The Most Effective Types of POS Displays

The Most Effective Types of POS Displays

POS Display များနဲ့ ဝယ်ယူသူများကို မိမိရဲ့ကုန်ပစ္စည်းတွေကိုပြသရာမှာ ကုန်ကျစရိတ်သက်သာပြီး အထိရောက်ဆုံးဖြစ်နိုင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။ အဲဒီ နည်းလမ်းလေးတွေကို မိတ်ဆွေရဲ့လုပ်ငန်း အခြေအနေပေါ်မူတည်ပြီး အဆင်ပြေသလို ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

Counter Displays

ကောင်တာနေရာဟာ လက်လီအရောင်းဆိုင်တစ်ခုမှာ အရေးကြီးဆုံးနေရာဆိုပြီး ပြွတ်သိပ်ပြီး ခင်းကျင်းထားတာတွေ ပြီးတော့ ဈေးဝယ်သူစိတ်ရှုပ်သွားအောင် ကုန်ပစ္စည်းအများကြီးခင်းကျင်းထားတာတွေကို မဖြစ်ဖို့ဂရုစိုက်ရပါမယ်။ အဓိကအားဖြင့်လူသုံးများပြီး ကုန်လွယ်တဲ့ပစ္စည်းတွေဖြစ်တဲ့ ရေချိုးခန်းသုံးပစ္စည်းလေးတွေ ၊ အလှကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန်လေးတွေကို ထားမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ တစ်ခုပဲ သတိထားရမှာက ကောင်တာစာရေး နဲ့ ဈေးဝယ်သူရဲ့ကြားမှာ မြင်ကွင်းမကွယ်သွားစေဖို့လိုအပ်ပါတယ်။

Free-Standing Floor Displays

တစ်ခါတလေ ပစ္စည်းများကို စင်များပေါ်မှာတင်ထားခြင်းမဟုတ်ဘဲ Freestanding ပုံစံခင်းကျင်းခြင်းဟာလည်း ဈေးဝယ်သူတွေစိတ်ဝင်စားအောင်ပြုလုပ်တဲ့ နည်းလမ်းတစ်ခုလဲ ဖြစ်ပါတယ်။ အလှကုန်ပစ္စည်းအသစ်တစ်ခုလား ဒါမှမဟုတ် ဟင်းချက်နည်းစာအုပ်လား ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ပစ္စည်းတစ်ခုကို ဈေးဝယ်သူတွေ စိတ်ဝင်စားလာအောင်လုပ်ဖို့အတွက်ဆိုရင် အခုလိုခင်းကျင်းမှုတွေက အဆင်ပြေတဲ့ကြားခံတစ်ခုဆိုလဲ မမှားပါဘူး။

Dump Bins

Dump Bins များကို သကြားလုံး၊ ရေချိုးခန်းသုံးပစ္စည်းအတိုအထွာစသော ပစ္စည်းအသေးလေးတွေ ထားသိုရန်အတွက် အများဆုံးအသုံးပြုနိုင်ပါတယ်။ ဈေးဝယ်သူတွေ ဈေးဝယ်ရင်း တစ်ခါတည်း ကောက်ယူသွားဖို့အတွက် ရည်ရွယ်ပုံရပါတယ်။အဲဒီ Dump Bins များကို အရေအတွက် အများကြီးထားသိုရောင်းချရသည့် ပစ္စည်းတွေပြိးတော့ Discount အရောင်းများကိုခင်းကျင်းရာတွင်လည်း အသုံးဝင်နိုင်ပါတယ်။ဘာလို့လဲဆိုတော့ အဲ့လိုအပြင်အဆင်မျိုးဟာ လွတ်လပ်ပြီး ထုတ်ကုန်များကို မြင်ကွင်းအစုံမှ မြင်နိုင်သောကြောင့်ပဲဖြစ်ပါတယ်။

Sales Floor Samples

ငွေရှင်းကောင်တာအနီးမှာ ပစ္စည်းနမူနာ နေရာထားပြီး ဈေးဝယ်သူများအား ထုတ်ကုန်ပစ္စည်းကို မဝယ်ယူခင် စမ်းသပ် သုံးစွဲစေခြင်းဟာလည်း ဈေးဝယ်သူများ၏ ဝယ်ယူခြင်းဆုံးဖြတ်ချက်များကို သက်ရောက်မှုရှိစေပြီး အရောင်း မြင့်တက်စေ နိုင်ပါတယ်။ စားသောက်ကုန်ရောင်းချသူများအနေဖြင့် သူတို့ရဲ့ Vendors တွေကို အရောင်းပြခန်းအတွင်း ဖိတ်ခေါ်ပြီး သုံးစွဲရန်နမူနာပစ္စည်းများကို ပေးခြင်းဟာလဲ အလုပ်ဖြစ်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ထိုနေရာတွင် လူထူထပ် မနေစေရန် ဂရုပြုရမှာဖြစ်ပြီး Sample ပေးရာတွင် သုံးစွဲရလွယ်ကူတဲ့ ထုတ်ကုန်တွေပေးခြင်းက အလွန်ထိရောက်မှုရှိပါတယ်။ အကယ်၍ သင့် Suppliers က sample-sized ပစ္စည်းများကို သင့်ဆိုင် အရောင်းမြင့်စေရန် အလကားပေးမည်ဆိုပါကလဲ sample ပေးခြင်းကို ပိုပြီးသုံးစွဲကြည့်သင့်တာပေါ့။

သင့်ရဲ့ကုန်ပစ္စည်းက ဆိုင်ရဲ့ရောင်းအားအနည်းဆုံးနေရာမှာ ရောက်နေလည်း သင့်၏ အရောင်းမြှင့်တင်သည့် အားထုတ်မှုအားကို အဆုံးမသတ်သင့်ပါဘူး။ တကယ်တမ်းမှာ POS Display က အရောင်းထိုးတက်သွားနိုင်တဲ့ အနီးကပ် အရောင်းမြှင့်တင်တဲ့နည်းလမ်းအဖြစ် နောက်ဆုံးအခွင့်အရေးဖြစ်နိုင်ပါသေးတယ်။ အဲ့လိုအခွင့်အရေး အားလုံးကို အသုံးချပြီး ဝယ်သူများအား အခြားသူများ မပေးသေးတဲ့ ဒါမှမဟုတ် မသိသေးတဲ့ ထပ်တိုးဝန်ဆောင်မှု၊ ထပ်တိုး တန်ဖိုးနှင့် အချက်အလက်များကို ကမ်းလှမ်းရင်း သင့်ဆိုင်ရဲ့အရောင်းနေရာကို အကောင်းဆုံး အသုံးချပြီး အရောင်းကို မြင့်မားစေရမှာဖြစ်ပါတယ်။ ထိုအရာတွေဟာ ဈေးဝယ်သူများကို ထုတ်ကုန်အပေါ် စွဲမြဲသုံးစွဲစေပြီး ကျနေသည့်အရောင်းအပေါ် တိုးမြှင့်သက်ရောက်မှုရှိစေနိုင်ပါတယ်။

Post a Comment