How To Create The Customer Loyalty Your Small Business Needs

How To Create The Customer Loyalty Your Small Business Needs

Customer Loyalty က သင့်လုပ်ငန်းရဲ့အမြတ်အစွန်းရမှုအတွက် ဘယ်လောက်အရေးပါသလဲ?

အမြဲဝယ်ယူသုံးစွဲနေတဲ့ ဖောက်သည်တွေရဲ့ ဝယ်လိုအားက ပထမဆုံးအကြိမ် သင့်ထုတ်ကုန်ကို သုံးစွဲကြည့်တဲ့ ဝယ်သူတွေထက် ၇၀ % ‌လောက် ပိုမိုများပြားပါတယ်။ ထို့အပြင် လေ့လာမှုတွေအရလည်း ဖောက်သည်အသစ် တစ်ယောက်ကို စွဲဆောင်ဖို့သုံးစွဲရတဲ့ ငွေကြေးပမာဏဟာ လက်ရှိဖောက်သည်တွေကို ထိန်းသိမ်းဖို့ သုံးစွဲရတဲ့ ကုန်ကျစရိတ်ထက်ကို ဆယ်ဆလောက် ပိုမိုကုန်ကျနိုင်တယ်လို့ ဖော်ပြနေကြပါတယ်။

အမြဲတမ်းဖောက်သည်တွေက သင့် Brand ကို အချင်းချင်း တဆင့်စကားဖြင့်ထောက်ခံပေး၍ တည်ဆောက်ခြင်း၊ သင့်ထုတ်ကုန်အပေါ် ပိုမိုသုံးစွဲခြင်းနှင့် မကြာခဏဝယ်ယူမှုပြုခြင်းတို့ကို လုပ်ဆောင်ကြမှာဖြစ်ပါတယ်။ သင့် Product ကို အလျင်းသင့်လို့ ဝယ်ယူဖြစ်တဲ့ ‌Customer ကနေ အမြဲတမ်း ဝယ်ယူသုံးစွဲနေတဲ့ Customer ‌တွေ ဖြစ်လာစေနိုင်တဲ့ အချက် (၆) ချက်ကို ဖော်ပြလိုက်ပါတယ်။

သင့် Customers များနှင့် ရင်းနှီးမှုရစေရန် တည်ဆောက်ပါ။

ယနေ့ခေတ် Customer တွေမှာ ရွေးချယ်စရာတွေအများကြီးရှိနေတဲ့အထဲကမှ သင့် Product ကို ဝယ်ယူဖို့ဆိုရင် Customers များနှင့် ရင်းနှီးမှုတည်ဆောက်နိုင်ခြင်းက လုပ်ငန်းအတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေနိုင်ပါတယ်။ Customers ရဲ့ Email Address၊ မွေးနေ့၊ နှစ်ပတ်လည်နေ့ရက်၊ အများဆုံး ဝယ်ယူသည့် ပစ္စည်းများ စသည့် အချက်အလက်များကို ရရှိနိုင်သော Customer relationship management system သို့မဟုတ် Database များကို တည်ဆောက်ပါ။ ထိုအချက်အလက်များကို အသုံးပြုပြီး Customers ထံ သီးခြား Message များ ပေးပို့ပါ။ မွေးနေ့ဆုမွန်ကောင်းတောင်းခြင်းနှင့်အတူ Special Discount Code များပေးပို့ခြင်း သို့မဟုတ် Customers နှစ်သက်သော ပစ္စည်းမျိုး ရောက်ရှိပါက email ပို့ခြင်းမျိုး ပြုလုပ်ပါ။ အလိုအလျောက် ဖုန်းစနစ်တွေက အချိန်နှင့် ငွေကြေးကို သက်သာစေတာမှန်ပေမယ့် Customer Service ဝန်ထမ်းတွေရဲ့ Customer အပေါ် ဂရုတစိုက်ရှိမှုက Loyalty ကို တည်ဆောက်နိုင်ပါတယ်။

ဆန်းသစ်တဲ့ Payment Options တွေကိုပေးပါ။

Customers တွေက Payment ကို လချီပြီး ခွဲပေးလို့ရရင် ပိုပြီး ဝယ်ယူသုံးစွဲကြမှာပါ။ အများကြီးဝယ်ယူတဲ့အခါ သူတို့အတွက် လွယ်ကူစေတဲ့ ကုန်သည်တွေကိုလည်း မှတ်မှတ်သားသားရှိကြတယ်။ သတ်မှတ်ပမာဏတစ်ခုအထိ ဝယ်ယူလို့ရတဲ့ Payment Plan တစ်ခုကို ဝယ်နေကျ ဖောက်သည်တွေကို ကမ်းလှမ်းကြည့်ပါ။ ဥပမာ မင်္ဂလာဆောင်အခမ်းအနား ဝန်ဆောင်မှုပေးသူတစ်ဦးက မင်္ဂလာဆောင်မယ့် စုံတွဲတွေကို ဝန်ဆောင်မှု ကုန်ကျစရိတ်ကို (၁၂) လခွဲပေးရတဲ့ Plan တစ်ခု ဖော်ဆောင်ပေးတာမျိုးပေါ့။ အဲ့အခါ စုံတွဲတိုင်းက မင်္ဂလာ အခမ်းအနားအတွက် သိသိသာသာ ပိုသုံးလာတယ်၊ ဝန်ဆောင်မှုကို ကျေနပ်တဲ့ Client တွေက တခြားသူတွေကို ညွှန်ပေးတယ်၊ ဒီလိုနဲ့ လစဉ် ဝင်ငွေတိုးလာပြီး အရောင်းက ၄၀၀ % လောက်ကိုတက်လာတယ်။ ဝယ်နေကျ Customer တွေကို သူတို့အဆင်ပြေနိုင်တဲ့ Payment ပုံစံမျိုးနဲ့ ပစ္စည်းတွေကို ဝယ်ယူခွင့်ပြုစေတာကလည်း အမြဲတမ်း ဝယ်ယူမှုကို ရစေပါတယ်။

သင့်ရဲ့ Best Customers တွေကို အထူးအကျိုးခံစားခွင့်တွေ ပေးပါ။

Customers တွေကို အကျိုးခံစားခွင့်ပေးခြင်းက Customer Loyalty ကိုတည်ဆောက်ရာမှာ ကုန်ကျစရိတ် အနည်းဆုံးနဲ့ ထိရောက်မှုအများဆုံးနည်းလမ်း ဖြစ်တယ်။ VIP Sales Events တွေမှာ ဖိတ်ကြားတာမျိုး၊ Club members တွေအတွက် အထူးနေရာထိုင်ခင်းပေးတာမျိုး၊ Products အသစ်တွေကို စျေးကွက်မှာ မရောင်းချခင် စမ်းသပ်သုံးစွဲဖို့ ဖိတ်ကြားတာမျိုး၊ Loyalty points Programs လိုမျိုး စတဲ့ အကျိုးခံစားခွင့်တွေက Customers တွေကို ထပ်ခါထပ်ခါ ဝယ်ယူသုံးစွဲစေမှာဖြစ်တယ်။ အထူးသဖြင့် လုပ်ငန်းအသေးတွေအတွက်ဆိုရင် Customer ကို အကျိုးခံစားခွင့်တွေပေးခြင်းက အမြဲတမ်းဖောက်သည်တွေကို ထိန်းသိမ်းနိုင်ရုံမကဘဲ အခြားဝယ်ယူသူများ ကိုလည်း ခံစားခွင့်တွေပေးခြင်းဖြင့် အမြဲတမ်းဖောက်သည်ဖြစ်လာအောင် ဆွဲဆောင်နိုင်ပါတယ်။

Brand Ambassadors များကို အသုံးပြုပါ။

သင့်ရဲ့ ထုတ်ကုန်အား သုံးစွဲမှုအများဆုံး Loyal Customers များကို သင့်လုပ်ငန်းရဲ့ Brand Ambassadors ဖြစ်စေခြင်းဖြင့် သူတို့အား သင့်ကိုယ်စား ဆောင်ရွက်နိုင်အောင် တွန်းအားပေးလိုက်ပါ။ သင့် Loyal Customers အား Special Discount Coupons တွေကို ပေးပြီး သူ့မိသားစု၊ သူငယ်ချင်းနှင့် အပေါင်းအဖော်များကို ဝေငှပါစေ။ Special Events တွေ၊ Experience တွေ ပါဝင်ဖို့ ဖိတ်ကြားလွှာတွေကို ပေးပို့ပြီး အခြားသူများကိုလည်း တဆင့်ဖိတ်ကြားခွင့်ပြုပါ။ လူအတော်များများက သူတို့ရဲ့ မိတ်ဆွေတွေကို ကောင်းကောင်းမွန်မွန် ကျွေးမွေးတာကို ကြိုက်နှစ်သက်ကြပြီး အဲ့လိုကျွေးမွေးမှုကလည်း ငွေကြေးကုန်ကျမှုမရှိဘူးဆိုရင် သူတို့အတွက် အထူးခံစားခွင့် ပေးတာမျိုးဖြစ်တယ်။ သင့် Customers အား သူငယ်ချင်းများနှင့် ဝေမျှနိုင်မည့် ဒီလိုခံစားခွင့်များကို ပေးပါ။ သင့်ရဲ့ Best Customers တွေက ဒီလိုခံစားခွင့်ရှိတဲ့ သူတို့ရဲ့ အနေအထားကို အသိအမှတ်ပြုကြပြီး အခြားသူများကိုလည်း သူတို့လို Customers တွေဖြစ်လာဖို့ သူတို့နည်း သူတို့ဟန်တွေနဲ့ လုပ်ဆောင်ကြမှာဖြစ်ပါတယ်။

အကောင်းဆုံးဝန်ဆောင်မှုများကိုသာ ပေးရန် သင့်ဝန်ထမ်းများအား သင်ကြားပေးပါ။

၇၁ % သော Customers အသီးသီးတို့က လုပ်ငန်းများနှင့် ဆက်ဆံမှုအား အဆုံးသတ်စေတဲ့အကြောင်းရင်းက ညံ့ဖျင်းတဲ့ ဝန်ဆောင်မှုကြောင့်ဖြစ်တယ်လို့ လက်တလောလေ့လာချက်တစ်ခုအရ သိရှိရပါတယ်။ အဲ့ဒီ လုပ်ငန်းတွေရဲ့ လုပ်ငန်းစရိတ်က ၈၃ Dollar Billions ထိ အဆမတန်ရှိခဲ့ပြီး တစ်နှစ်လုံးအနေနဲ့ Customer တစ်ဦးလျှင် ဒေါ်လာ ၃၀၀ အရောင်းဆုံးရှုံးခဲ့တာဖြစ်တယ်။ ထို့ကြောင့် သင့်ရဲ့ Team Members အားလုံးက အကောင်းဆုံးဝန်ဆောင်မှုပေးရန် ကတိကဝတ်ရှိသင့်သည်ကို သင်ကြားပေးထားရမှာဖြစ်ပြီး Customer Complaints ကို ကိုင်တွယ်ဖြေရှင်းရန်လည်း ရှင်းလင်းတဲ့ မူဝါဒတွေ ချမှတ်ထားရမှာဖြစ်ပါတယ်။ လိုအပ်ချက်များအတွက် ကြိုတင်ပြင်ဆင်ပါ။ Customers ၏ မှတ်ချက်များနှင့် ပူပင်မှုများအတွက် အလျင်အမြန်တုံ့ပြန်ဖြေရှင်းပါ။ Customer Feedback များပေးနိုင်ရန် Communication Channel များဖွင့်ထားပါ။ Customers များရဲ့ မေးခွန်းများအား ဖြေကြားရန် အဆင်သင့်ရှိပါ။

နည်းပညာအား သင့်အလုပ်တွင်ကျယ်အောင် အသုံးပြုပါ။

Social Media က Customer Loyalty ကိုတည်ဆောက်လိုသော အသေးစားလုပ်ငန်းတွေအတွက် Customer အရေအတွက် ချက်ချင်း တိုးပွားစေနိုင်ပါတယ်။ Social Media က အကုန်အကျသက်သာတဲ့ကြားခံတစ်ခုဖြစ်ပြီး Customers တွေနဲ့ဆက်သွယ်နိုင်တယ်။ သင့်ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေရဲ့ အချက်အလက်တွေ ဝေမျှနိုင်တယ်။ သူတို့ရဲ့ Comments တွေ၊ Concerns တွေကို တုံ့ပြန်ဖြေကြားနိုင်တယ်။ Community တစ်ခုကို တည်ဆောက်လို့ရတယ်။ ပြီး သင့် Brand ကိုလည်း လူတွေပိုသတိထားမိအောင် လုပ်ဆောင်နိုင်ပါတယ်။ Social Media မှာ သင့်လုပ်ငန်းကို Promote လုပ်တဲ့ Customers တွေကို အကျိူးခံစားခွင့်တွေပေးနိုင်အောင် နည်းလမ်းရှာပါ။ ဒါပေမယ့် Social Media ကို ကောင်းကောင်း မစီမံနိုင်ဘူးဆိုရင် ရလာဒ်ဆိုးတွေရနိုင်သည်ကို သတိပြုပါ။ Comment တိုင်း၊ Complaints တိုင်းကို လျင်လျင်မြန်မြန်တုံ့ပြန်နိုင်ဖို့နဲ့ Social Media ကို သင့် Products တွေ ရောင်းချဖို့ နည်းလမ်းတစ်ခုအနေနဲ့ အသုံးမပြုဖို့ သေချာစေရမှာဖြစ်တယ်။Customers တွေနဲ့ သင့်လုပ်ငန်းကို အဆက်အသွယ်မပြတ်အောင် ထိန်းသိမ်းထားကဲ့သို့ပဲ ငွေရှင်းကောင်တာမှာ သူတို့ ကြုံတွေ့ရတဲ့ အတွေ့အကြုံကလည်း အရေးပါလှပါတယ်။ နှစ်ပေါင်းများစွာ အသုံးပြုခဲ့တဲ့ ခေတ်မမီတော့တဲ့ POS System အဟောင်းတွေကို အသုံးမပြုဘဲ Global POS လို ရိုးရှင်းပြီး သင်လွယ်အသုံးပြုလွယ်သော POS Software တွေ အသုံးပြုခြင်းဖြင့် ဝယ်ယူမှုတွေကို လျင်မြန်လွယ်ကူစေမှာဖြစ်ပါတယ်။ သင့်ဝန်ထမ်းတွေ အတွက်လည်း အသုံးပြုရခက်ပြီး နှေးကွေးတဲ့ POS System ကြောင့် အချိန်ကြာတာတွေမရှိတော့တဲ့အပြင် Customers တွေနဲ့ မျက်နှာချင်းဆိုင် အလုပ်လုပ်ချိန် ပိုမိုရရှိတဲ့အတွက် ရင်းနှီးမှုရစေပြီး Customer Loyalty ပိုမိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။

အသေးစားလုပ်ငန်းများအတွက် Customer Loyalty ရရန် ရင်းနှီးမြုပ်နှံမှုပြုခြင်းက သေချာပေါက် အမြတ်များ စေပြီး လုပ်ငန်းကို ကြီးထွားစေမှာဖြစ်တယ်။ Customers နှင့် ရင်းနှီးမှုတည်ဆောက်ခြင်း၊ ခံစားခွင့်များပေးခြင်း၊ ဝန်ထမ်းများအား သင်တန်းပေးခြင်း၊ Social media တွင် ကောင်းစွာရပ်တည်ခြင်းတို့ဖြင့် တစ်ခါဆက်ဆံ ရာသက်ပန် Customers များ ဖြစ်လာနိုင်ပါတယ်။

Post a Comment