25 Simple Customer Service Tips All Retailers Should Try

25 Simple Customer Service Tips All Retailers Should Try

”ဖောက်သည်က အမြဲမှန်တယ်”ဆိုတဲ့ အယူအဆနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေ ရှိနေပေမယ့် ဈေးဝယ်သူတွေကို ထိန်းသိမ်းထားဖို့ရာ ကောင်းမွန်မှန်ကန်တဲ့ ဝန်ဆောင်မှုကို ပေးဖို့ လိုအပ်တယ်ဆိုတာကတော့ အငြင်းပွားဖွယ် မရှိပါဘူး။

When you run a small retail shop, customer services is at the heart of every decision you make.

အရောင်းဆိုင်တွေမှာ Customers စိတ်ကျေနပ်မှုရအောင် ဝန်ဆောင်မှုပေးနိုင်ဖို့ ဖောက်သည်ဝန်ဆောင်မှု နည်းလမ်း (၂၅) သွယ်ကို လေ့လာကြည့်ရအောင်။

Focus on the Customer in Front of You

ကျွန်တော်တို့ ဒီလိုအဖြစ်မျိုး ကြုံတွေ့ဖူးကြပါတယ်။ ဖုန်းက မြည်နေမယ်၊ Online အမှာတွေလည်း ဖြည့်ဖို့လိုမယ်၊ တပြိုင်နက်တည်းမှာပဲ ကောင်တာမှာလည်း စစ်ဆေးဖို့လိုနေမယ်။ ကိုယ်ပိုင်လုပ်ငန်းအသေးတစ်ခုမှာ လုပ်စရာ အလုပ်တွေက ဗုံတွေလိုစီနေမှာပါပဲ။ ဒါပေမယ့် သင့်ဆိုင်မှာ လာဝယ်တဲ့၊ သင် ကူညီမှာကို စောင့်ဆိုင်းနေတဲ့ Customer ထက်တော့ ဘယ်အရာကမှ အရေးမကြီးပါဘူး။ ကိစ္စတွေကို တပြိုင်နက် လုပ်ဆောင်နေမယ်ဆိုရင် Customer အချို့ကို စိတ်တိုစေနိုင်ပြီး သူတို့ရဲ့ ကြမ်းတမ်းတဲ့ဝေဖန်ချက်တွေက သင့်ဆိုင်ရောင်းအားကို ထိခိုက်စေနိုင်ပါတယ်။ ထို့ကြောင့် Customer စိတ်မကျေမနပ်ဖြစ်နိုင်တယ်လို့ သံသယဖြစ်နိုင်တဲ့အခြေအနေမျိူးမှာ မြည်နေတဲ့ဖုန်းကို ခဏစောင့်ခိုင်းလိုက်ပါ။ သင့်ဆိုင်မှာတွေ့ကြုံရတဲ့ အခိုက်အတန့်အတွက် Customer က Feedback ပေးမယ့် ကြယ်ပွင့်လေးတွေကိုပဲ အာရုံစိုက်လိုက်ပါ။

Go the Extra Mile

အကယ်၍ Customer လိုချင်တဲ့ ပစ္စည်းတစ်ခုက သင့်ဆိုင်မှာ ရှိမနေခဲ့ရင် အခြားနည်းလမ်းတစ်ခုခုကို ကမ်းလှမ်းကြည့်ပါ။ မရှိနိုင်ဘူးဆိုတာ သေချာပေမယ့် ဖိနပ်ဆိုဒ်နံပါတ် ၈ ဘွတ်ဖိနပ် ရှိနိုင်ဦးမလားရယ်လို့ ဆိုင်နောက်က စတိုခန်းထဲဝင်ကြည့်တာမျိုး၊ အခု အဝယ်လက်ခံထားပြီး ပစ္စည်းရောက်တဲ့အခါ အိမ်တိုင်ရာ အရောက် အခမဲ့ပို့ဆောင်ပေးတာမျိုး စတဲ့နည်းလမ်းတစ်ခုခုကို ကမ်းလှမ်းကြည့်ပါ။ ထိုကမ်းလှမ်းမှုကို Customer က ငြင်းပယ်သည့်တိုင်အောင် ထိုသို့ အပို အားထုတ်မှုကို သူတို့က အမှတ်တယရှိကြပြီး သူတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေ သို့မဟုတ် Social media ပေါ် သင့်လုပ်ငန်းအကြောင်းကို ဝေမျှပါလိမ့်မယ်။

Improve the Checkout Experience

ငွေရှင်းကောင်တာမှာ အကြာကြီး စောင့်ဆိုင်းရတာ၊ အဆင်မပြေမှုတွေ ကြုံတွေ့ရဝာာတွေက ကောင်းမွန်တဲ့ ဖောက်သည်ဝန်ဆောင်မှုရဲ့ လက္ခဏာရပ်တွေမဟုတ်ပါဘူး။ ကောင်းမွန်မှုမရှိတဲ့ တန်းစီစနစ်တွေ၊ စိတ်ရှုပ်ထွေးစေတဲ့ ဈေးဝယ်အတွေ့အကြုံတွေ၊ ရှည်လျားတဲ့ တန်းစီတန်းတွေနဲ့ လက်လီဆိုင်တစ်ခုဟာ Customers တွေအတွက်တော့ စိတ်အချဉ်ပေါက်စရာကောင်းလှပါတယ်။ ဆိုင်အတွင်းမှာ ဆိုင်းဘုတ်တွေ ရှင်းလင်းစွာဖော်ပြထားတာတွေ ၊ Customers တွေ ဘယ်နေရာမှာ တန်းစီရမယ်ကို သိစေတဲ့အရာတွေ၊ ငွေရှင်းကောင်တာကို သွားမယ့် lines တွေ စတဲ့အရာတွေ အသုံးပြုခြင်းက last-minutes ဝယ်ယူမှုတွေကို အားပေးရာရောက်ပါတယ်။ ဝယ်ယူမှုအများဆုံးနာရီတွေမှာ အဲ့လို အရာဝတ္တုတွေ၊ လုပ်ဆောင်မှုတွေ အသုံးပြုခြင်းက စောင့်ဆိုင်းတန်းရှည်တွေကို အကြာကြီးတန်းစီရခြင်း မဖြစ်အောင် ကူညီနိုင်ပါတယ်။

Introduce Employees and Customers by Name

ယနေ့ လက်လီအရောင်းဆိုင်လောကမှာ Customers တွေနဲ့တိုက်ရိုက်ထိတွေ့ပြီး ကောင်းတဲ့အမြင်ကို တည်ဆောက်ဖို့ အချိန်အနည်းငယ်ပဲ သင်ရနိုင်ပါလိမ့်မယ်။ တကယ်လို့ သင်က Customer တစ်ယောက်ကို အခြားဝန်ထမ်းတစ်ဦးထံ လက်လွှဲပေးရမယ်ဆိုရင် သင့်လုပ်ဖော်ကိုင်ဖက်ရဲ့အမည်ကို Customer အား မိတ်ဆက်ပေးသကဲ့သို့ Customers ကိုလည်း အမည်နှင့်တကွ မိတ်ဆက်ပေးဖို့ သေချာပါစေ။ ရောင်းဝယ်မှု ပြုရာမှာ လူပုဂ္ဂိုလ်ရဲ့နာမည်နာမကို အသေအချာပြော၍ ညွှန်းပို့ခြင်းက ပိုမိုရင်းနှီးစေပြီး အလွယ်တကူ မပျက်စီးနိုင်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

The Magic Word: “Thank You”

ဟုတ်ပါတယ်။ Customers တွေက သင့်ဆိုင်မှာ လာဝယ်တဲ့အခါ သူတို့ကို သင်ကျေးဇူးတင်မှာပါ။ ဒါပေမယ့် ဆိုင်မှာ ဈေးဝယ်မှ ကျေးဇူးတင်ပါတယ်လို့ ပြောသင့်တာ မဟုတ်ပါဘူး။ သူတို့ ဝယ်ဝယ် မဝယ်ဝယ်၊ ဆိုင်ကို လာတဲ့သူတိုင်းကို သင်က အသိအမှတ်ပြုမှုကို ပြသပါ။ Customers က သင့်ဆီက အများကြီးဝယ်ခဲသလား? အဲ့လိုဆိုရင် သူတို့ဆီ ကျေးဇူးတင်ကြောင်း သီးခြား Email ပို့ပါ သို့မဟုတ် ကျေးဇူးတင်ကြောင်းကို အထူးလျော့ဈေး ကူပွန်နဲ့အတူ သူတို့ရဲ့အိတ် သို့မဟုတ် သူတို့စာတိုက်ပုံးထဲသို့ ထည့်ပေးပါ။

Stay Present Without Hovering

လက်လီအရောင်းသမားအနေနဲ့ Customers အား ကူညီဆောင်ရွက်ခြင်းနဲ့ အနှောက်အယှက်ဖြစ်စေသည်အထိ နောက်မှ ထပ်ကြက်မကွာလိုက်ခြင်းကြား ဟန်ချက်ညီစေရမှာ ဖြစ်ပါတယ်။ ထိုအရာက မသိသာလှတဲ့ Customers Service အရည်အသွေးတစ်ခု ဖြစ်တယ်။ Customers တွေက သူတို့မေးခွန်းတွေကို ဖြေပေးဖို့၊ အဝတ်လဲခန်းကို ဖွင့်ပေးဖို့၊ ဝယ်ယူဖို့ ဆုံးဖြတ်ပြီးချိန်မှာ ဖုန်းဆက်လာဖို့ပဲ လိုအပ်ပြီး သူတို့ ဘာဝယ်ရမလဲလို့ ရှာဖွေနေချိန်မှာတော့ အနားမှာ လိုက်ကပ်နေတာမျိုးကို မလိုလားပါဘူး။ လျို့ဝှက်ချက်ကတော့ သင့်ဘာသာ အလုပ်ရှုတ်နေသလို နေပေမယ့် သူတို့က အကူအညီရယူဖို့ စတင်ရှာဖွေချိန်ကို သိဖို့ စောင့်ဆိုင်းကြည့်ရှုနေဖို့ပါပဲ။

Never Turn Away from an Approaching Customer

Customer တစ်ယောက်ဆီက လှည့်ထွက်လာဖို့ ဘာအကြောင်းပြချက်မှ လက်မခံပါဘူး။ ဖုန်းမြည်နေတာ ဖြစ်ဖြစ်၊ နေ့လည်ထမင်းစားချိန်ယူတော့မှာဖြစ်ဖြစ်၊ အိမ်သာသွားဖို့ အမှန်တကယ် လိုအပ်နေတာပဲဖြစ်ဖြစ် ဘာကမှ အရေးမကြီးပါဘူး။ Customer က သင့်ဆီ ချဉ်းကပ်တာတဲ့အခါ ပြုံးပြနှုတ်ဆက်ပြီး ဝန်ဆောင်မှုပေးပါ။ အကယ်၍ သင် မဖြစ်မနေ လှည့်ထွက်လာရမည်ဆိုရင် ထို Customers ကို ကူညီပေးဖို့ တခြားတစ်ယောက်ယောက်ရှိနေတာ သို့မဟုတ် သူတို့ကို ကူညီရန် သင်အသင့်ဖြစ်မနေဘူးဆိုတာ သူတို့ သိရန် သေချာပါစေ။

Create a Comfortable Break Room for Employees

ဝန်ထမ်းတွေ အနားယူတဲ့နေရာက Customer Service ကောင်းမွန်ခြင်းမှာ ဘယ်လိုဆက်စပ်နေတာလဲလို့ သင်တွေးကောင်းတွေးနေပါလိမ့်မယ်။ ဝန်ထမ်းတွေ လုပ်ငန်းခွင်မှာ ပျော်ရွှင်လေ ကုန်ထုတ်စွမ်းအား တိုးတက်ရန် ဖြစ်နိုင်ချေများလေ ဖြစ်ပါတယ်။ သင့်ဝန်ထမ်းတွေက အလုပ်ပင်ပန်းကြတယ်၊ အချိန်အကြာကြီး ရပ်ပြီး ဝန်ဆောင်မှု ပေးရတဲ့အတွက် သက်တောင့်သက်သာရှိပြီး တကယ် အပန်းပြေရတဲ့နေရာမှာ အနားယူဖို့ ထိုက်တန်ပါတယ်။ သက်တောင့်သက်သာရှိတဲ့ ကုလားထိုင်(၁) လုံး၊ (၂) လုံး ထားပေးတာ၊ အစာပြေမုန့်တွေထားပေးတာတွေက သေးငယ်တဲ့ အပြောင်းအလဲတွေဆိုပေမယ့် သင့်ဝန်ထမ်းတွေ သွေးအချိုဓာတ်ကျတာကို ကာကွယ်ပေးပြီး အင်အားပြန်လည်ဖြည့်တင်းနိုင်ပါလိမ့်မယ်။

Be Discreet if a Customer’s Credit Card is Declined

Credit Card သို့မဟုတ် Debit Card က လူအများရှေ့မှာ ငွေပေးချေလို့မရဘူး၊ အပိတ်ခံထားရတယ်ဆိုတာမျိုးက မျက်နှာပူစရာ သို့မဟုတ် စိတ်ရှုတ်ထွေးစရာကောင်းလှပါတယ်။ လူတိုင်းက သင့်ကို ကြည့်နေကြပြီး သင့်ဘဏ်စာရင်းများ အဟက်ခံရသလားလို့ စိတ်ပူပင်စေလာပါတယ်။ တကယ်လို့များ သင့် Customer မှာ အဲ့လိုအ‌ခြေအနေကြုံတွေ့ခဲ့ရင် သင့်တွေ့ကြုံခဲ့သလို သူ့ကို မဆက်ဆံရမိဖို့ သတိပြုရမှာပါ။ သင့်တုန်းက ဘယ်လိုခံစားရတယ်ဆိုတာကို တွေးကြည့်ပြီး အဲ့ဒီလို အားလုံးက အာရုံစိုက်လာတဲ့အခြေအနေမျိုး မဖြစ်စေတဲ့ နည်းလမ်းတစ်ခုခုနဲ့ တုံ့ပြန်သင့်ပါတယ်။ credit card က ငွေပေးချေဖို့ ပြသနာဖြစ်နေတာကို Customer ကို အသိပေးပြီး ငွေပေးချေမှုအတွက် အခြားနည်းလမ်းတစ်ခုကို ရွေးချယ်ချင်သလားကို မေးပါ။ ကောင်းမွန်တဲ့ ဖောက်သည်ဝန်ဆောင်မှုနဲ့ ကိုယ်ချင်းစာနာမှုကို ပေါင်းစပ်ခြင်းကပဲ အခြေအနေဆိုးတွေကို အကောင်းဘက်သို့ ပြောင်းလဲဖို့ သို့မဟုတ် ပျက်ပယ်သွားဖို့ သေချာတဲ့နည်းလမ်းတစ်ခုဖြစ်တယ်။

Smile

သုန်မှုန်နေတဲ့ ဒါမှမဟုတ် အထက်စီးနဲ့ဆက်ဆံတဲ့အရောင်းဝန်ထမ်းကို ဘယ်သူကမှ ဈေးမဝယ်ချင်ပါဘူး။ Customer ဝန်ဆောင်မှုပေးတဲ့ကိုယ်စားလှယ်တွေရဲ့ လုပ်ငန်းသဘောသဘာဝက ခက်ခဲပေမယ့်လည်း ဒီသဘောတရား ပါပဲ။ အပြုံးနဲ့ဝန်ဆောင်မှုပေးတဲ့ စားပွဲထိုးသူက မပြုံးတဲ့သူထက် အပိုဆုငွေ ပိုရတယ်လို့ အပြုံးရဲ့ မမြင်သာသော အကျိုးကျေးဇူးကို လေ့လာတဲ့စာတမ်းတစ်ခုက ဖော်ပြထားပါတယ်။ သင့်ရဲ့ လက်လီ အရောင်းဆိုင်မှာ ပြုံးရယ်ခြင်းအလေ့အကျင့်အား ဦးစားပေး ပျိုးထောင်မယ်ဆိုရင် Customers တွေကို ကြိုဆိုနေတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးထားနိုင်မှာ ဖြစ်ပါတယ်။

Create a Wonderful Customer Experience

သင့် Customers တွေက Online မှတဆင့်ဈေးဝယ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ မဝယ်ဘဲ သင့်ဆိုင်ကို ရောက်အောင်လာဝယ်ကြတာပါ။ အဲ့အတွက် အနည်းဆုံးတော့ သူတို့အတွက် ထိုက်တန်တဲ့ အားထုတ်မှုကို သင့်ဘက်က ပြုသင့်ပါတယ်။ သင့်ဆိုင်ရဲ့ အခင်းအကျင်းကို သူတို့ ဝင်ဝယ်ချင်အောင် ဆွဲဆောင်နိုင်တဲ့ ဆိုင်အပြင်အဆင်၊ အရောင်အသွေးနဲ့ တေးဂီတစသည်တို့နဲ့ ကောင်းစွာ ဖွဲ့စည်းပါ။

Give Paying Patrons a Gift

လူတွေက အခမဲ့ရတဲ့အရာကို နှစ်သက်ကြပါတယ်။ လူသဘာဝအရ သူတို့အတွက် တစ်ခုခု လုပ်ပေးတဲ့သူကို တစ်ခုခု ပြန်လည်တုံ့ပြန်ရမယ်လို့ မသိစိတ်မှာ ဖြစ်စေပါတယ်။ ထို့ကြောင့် တစ်ခုခုကို အခမဲ့ပေးခြင်းဖြင့် သူတို့ ပြန်ပေးဖို့လိုတဲ့ဆိုတဲ့ခံစားချက်ကို ရနိုင်မှာဖြစ်ပါတယ်။ ရာသီဉတုပူတဲ့နေ့မှာ အအေးတိုက်တာ၊ ငွေရှင်းကောင်တာမှာ သကြားလုံးဖြည့်ထားတဲ့ ခွက်ထားပေးတာ၊ အစားအစာ အမြည်းကျွေးတာစတဲ့ Customers က တုံ့ပြန်မှုပေးတဲ့စိတ်ဖြစ်စေမယ့်အရာတစ်ခုခုကို လုပ်ကြည့်ပါ။

Establish Procedures for Dealing with Unhappy Customers

သင်ဘယ်လိုပဲ ဝန်ဆောင်မှုပေးပေး စိတ်ကျေနပ်မှုမရှိနိုင်တဲ့ Customer တွေကို ကောင်းမွန်စွာ ဆက်ဆံနိုင်ဖို့ သင့်ဝန်ထမ်းတွေကို ခွင့်ပြုထားပေးပါ။ အကယ်၍ ရောင်းချမှုတွေ အဆင်မပြေဖြစ်တဲ့အခါ ဘယ်လို ဆောင်ရွက်ရမည့်နည်းလမ်းများကို စာဖြင့် ရေးသားဖော်ပြထားပြီး စိတ်ကျေနပ်မှုမဖြစ်နိုင်သော Customer များက သင်တို့ရဲ့ ဝန်ဆောင်မှုကို တန်ဖိုးထားတတ်သည်အထိ ဝန်ဆောင်မှုပေးနိုင်ရန် အရောင်းဝန်ထမ်းများကို သင်ကြားပေးပါ။ အရောင်းပစ္စည်းများ ပြန်လက်ခံခြင်း၊ လဲလှယ်ခြင်းနှင့် အပိုပစ္စည်းများ ပေးခြင်းတို့တွင် အထက်လူကြီးများထံ ခွင့်ပြုချက် တောင်းခံနေချိန်တွင် Customers ကိုစိတ်ပျက်စေနိုင်ပြီး ဆိုးဝါးသော စိတ်ခံစားမှုတွေဖြစ်လာနိုင်တဲ့အတွက် သူတို့ကိုယ်တိုင် ဆုံးဖြတ်လုပ်ကိုင်နိုင်စေရန် လုပ်ပိုင်ခွင့်ပေးပါ။

Celebrate Your Customers’ Birthdays

Customers ၏ မွေးနေ့၊ မွေးလများကို သင့်ရဲ့ POS System မှာ ထိုနေ့ရောက်ခါနီးပါက အချက်ပေးရန် စာရင်းသွင်းထားပြီး မွေးနေ့ဆုတောင်းများပေးပို့နိုင်ပါသည်။ သင့်ဆိုင်ရဲ့ ဖောက်သည်ဖြစ်သည်ကို ကျေးဇူးတင်ကြောင်းနှင့် မွေးနေ့အတွက် သင့်ဆိုင်တွင် လက်ဆောင်လာယူနိုင်ကြောင်း၊ သို့မဟုတ် မွေးလအတွင်း အထူးလျော့ဈေးများ ရယူနိုင်ကြောင်း စသော ခံစားခွင့်များ ပေးပို့ပါ။

Take a Survey

သင့်လက်လီအရောင်းဆိုင်ရဲ့ သဘောသဘာဝက Customers များရဲ့လိုအပ်ချက်ကို ဖြည့်တင်းဖို့ဖြစ်တယ်။ သူတို့ဘာလိုအပ်တယ်ဆိုတာကို သင်မမေးဘဲနဲ့ မသိနိုင်ပါဘူး။ ငွေရှင်းပြေစာပေါ်က ကုဒ်နံပါတ်နှင့် ချိတ်ဆက်ပြီး Online စစ်တမ်းများကောက်ယူတာဖြစ်စေ၊ ဆိုင်မှာ ဈေးဝယ်ရင်း စစ်တမ်းစာရွက်ပေါ်တွင် ဖြည့်၍ဖြစ်စေ လက်ဆောင်လေးများပေးပြီး စစ်တမ်းကောက်ယူနိုင်ပါတယ်။

Make Customer Service Everyone’s Job

ဆိုင်တစ်ဆိုင်ကို ဈေးဝယ်ရင်း တစ်ခုခု အကူအညီလိုအပ်လို့ မေးတဲ့အခါ “ဒါ ကျွန်တော်/မ အလုပ်မဟုတ်ဘူး”လို့ ပြန်ပြောတာမျိုး ကြုံဖူးသလား။ အဲ့လိုဆိုင်မျိုးမှာရော ဈေးဝယ်ချင်ကြသလား။ တကယ်က Customer ကို အ‌လေးထားဆက်ဆံဖို့က အားလုံးရဲ့တာဝန်ဆိုတာ သိအောင်လုပ်ရမှာပါ။ မန်နေဂျာတွေက Customer service ဆိုတာ အရောင်းဝန်ထမ်းတွေနဲ့ပဲ ဆိုင်တယ်လို့စဉ်းစားနေမယ်ဆိုရင် သူတို့က သင့်လုပ်ငန်းအတွက် လူမှန်နေရာမှန် မဟုတ်သေးပါဘူး။ သင့် အဖွဲ့အစည်းက Customer Service Skills လိုအပ်နေမယ်ဆိုရင် သူတို့ကို သင်တန်းပေးလိုက်ပါ။

Never Say, “I Don’t Know”

သင်က “မသိဘူး” လို့ပြောတဲ့အခါ သင့် Customers က “ဂရုမစိုက်ဘူး” လို့ မှတ်ယူပါလိမ့်မယ်။ တကယ်ပဲ သင်က Customer ရဲ့မေးခွန်း မသိခဲ့ဘူးဆိုရင် “ဘယ်လိုလုပ်‌ပေးနိုင်မလဲလို့ စဉ်းစားကြည့်ပါ့မယ်’လို့ ဖြေပါ။ ပြီးနောက် အဖြေမှန်ရနိုင်မယ့် နည်းလမ်းမျိုးစုံသုံးပြီး ဖြေရှင်းပေးနိုင်မယ့် တစ်ယောက်ယောက်ကို ရှာဖွေပါ။

Double Check the Order Before Your Customer Leaves

သင် ဝယ်တဲ့ဆိုင်က သင်နဲ့မတည့်လို့ မထည့်ဖို့ သေချာမှာထားတဲ့ ထောပတ်သီးကို အသားညှပ်ပေါင်မုန့်မှာ ထည့်လိုက်တာဖြစ်စေ၊ သင်မှာထားတဲ့ နားကပ်တစ်စုံကို ထည့်ပေးဖို့မေ့ပြီး သင် သိတဲ့အချိန်မှာ အချိန် မမီတော့တာမျိုးဖြစ်စေ၊ အဲ့လို အမှားမျိုးကို သင့် Customers အပေါ် မဖြစ်ပါစေနဲ့။ သူတို့မှာထားတဲ့အတိုင်း မှန်ကန်ဖို့သေချာပါစေ။ တကယ်လို့ မှားခဲ့ရင်လည်း အချိန်မီ ပေးပို့ဖို့စီစဉ်ဆောင်ရွက်နိုင်ပါစေ။

Keep Your Whole Sales Crew Up to Date

ကုန်ပစ္စည်း အသစ်သွင်းတဲ့အခါ ကောင်တာမှာရှိတဲ့အရောင်းဝန်ထမ်းတိုင်းက ကုန်ပစ္စည်းရဲ့ အချက်အလက်ကို Customer ကို ဝယ်ယူဖို့ မကမ်းလှမ်းမီ သိရှိနေပါစေ။ ပိုမိုရှုတ်ထွေးတဲ့ ရောင်းကုန်တွေအတွက် Video တွေ၊ ကျွမ်းကျင်သူတွေက ပြသထားတဲ့ နမူနာပုံစံတွေစတဲ့ သင်ကြားရေး အထောက်အကူတွေ လိုအပ်နိုင်ပါတယ်။ ဒီလိုသင်ကြားမှုတွေကြောင့်ပဲ သင့်အရောင်းဝန်ထမ်းတွေက ပေါင်မုန့်ဖြတ်တဲ့ဓားကို ဘယ်လိုသုံးရတာ သို့မဟုတ် စွယ်တာအသစ်နဲ့ ဘယ်လို Accessories တွေက လိုက်ဖက်တာဆိုတာကို ဝယ်သူအား ရှင်းပြနိုင်ပါလိမ့်မယ်။

Tell Every Customer Your Policies

ဝယ်ယူပြီး ပစ္စည်းပြန်ပေးခြင်း၊ လဲလှယ်ခြင်းနဲ့ပတ်သက်တဲ့ မူဝါဒကို Customer က သေချာသိပြီးမှ ဝယ်ယူမှုပြုပါစေ။ အကယ်၍ သင်က online မှတဆင့် ရောင်းချလျှင်လည်း သင့်မူဝါဒကို သိပြီးမှ ဝယ်တာသေချာပါစေ။ Customer က ဝယ်ပြီးပစ္စည်းပြန်ပေးလို့ ရတယ်အထင်နဲ့ဝယ်ယူပြီးမှ ပြန်လဲလို့ပဲရတယ် ဆိုရင် သူတို့စိတ်ဆိုးစိတ်တိုတာနဲ့ ဝယ်ယူမှုက အဆုံးသတ်သွားနိုင်ပါတယ်။

Encourage Patience

ဟုတ်ပါတယ်။ တချိူ့Customer တွေက ဆက်ဆံရခက်ခဲပါတယ်။ ဒါပေမယ့် ဈေးဝယ်ခြင်းကို နှစ်သက်သူတွေက အမြတ်အများဆုံးပေးနိုင်သူတွေပါ။ ဆိုင်တစ်ခုလုံးက ဝန်ထမ်းတွေမှာ သည်းခံလိုတဲ့ စိတ်ထားတွေရှိဖို့ ပျိုးထောင်ပေးပါ။ အရောင်းဝန်ထမ်းတွေကို ဆုပေးတဲ့အခါမှာလည်း သတ်မှတ် အရောင်းအရေအတွက် ရောင်းရတဲ့ အပေါ်တစ်ခုတည်းမဟုတ်ဘဲနဲ့ ခက်ခဲတဲ့ Customer တွေကို အောင်အောင်မြင်မြင် ဆက်ဆံနိုင်တဲ့အပေါ်မှာပါ စဉ်းစားပေးရမှာဖြစ်ပါတယ်။

Put Yourself in Your Customers’ Shoes

Customers ရဲ့ စိတ်ခံစားမှုကို နားလည်ခြင်းဟာ သင့်ဆိုင်ကို နောက်တစ်ကြိမ်လာပြန်ဝယ်ဖို့ လုပ်ဆောင်နိုင်တဲ့ အဓိကအချက်ဖြစ်တယ်။ Customer က အထူးပွဲ သွားဖို့ ဒါမှမဟုတ် အလုပ်အင်တာဗျူးဝင်ဖို့ ဝတ်စုံအတွက် စိတ်ဖိစီးနေတာလား၊ သူတို့က နေ့ရက်ရှည်ကို ဖြတ်သန်းရလို့ ခြေကုန်လက်ပန်းကျနေလား။ လက်လီအရောင်းဆိုင် တစ်ခုကို ဖွင့်တဲ့အခါ လူတွေကို နားလည်နိုင်ဖို့က အခရာကျပါတယ်။ Customer တွေရဲ့လိုအင်ကို သိပြီး ဆက်ဆံရေးကောင်းမွန်လေ သင့်ဆိုင်နဲ့ပတ်သက်လို့ သူတို့အတွက် အတွေ့အကြုံကောင်းတွေ ဖန်တီးနိုင်လေပါပဲ။

Be Authentically Friendly

သင် အပြုံးတုတွေ ပြုံးပြတဲ့အခါ၊ အထင်သေးတဲ့အကြည့်နဲ့ကြည့်တဲ့အခါ Customers တွေက အဲ့တာကို ခံစားသိနိုင်ပါတယ်။ Customers ကို နားလည်စာနာလာနိုင်တဲ့အခါ နှစ်လိုတဲ့အမူအရာနဲ့ သူတို့ကို နှုတ်ဆက်လာနိုင်ပါလိမ့်မယ်။ ခင်မင်မှုနဲ့ Professional ပီသမှုတို့အကြား ဟန်ချက်ညီအောင် သင် ထိန်းနိုင်လာပါလိမ့်မယ်။ ခင်မင်ဖို့ကောင်းတဲ့ပုံစံပေါက်အောင် အတင်းလုပ်ယူနေတာက အရောင်းသမားတွေကို Customers တွေ ဖယ်ခွာအောင်လုပ်နေသလိုပဲ ဖြစ်နေပါလိမ့်မယ်။

Don’t Make Promises You Can’t Keep

အရောင်းမြှင့်တင်ခြင်းက Customers အသစ်တွေရဖို့၊ ရှိပြီးသား Customers တွေထပ်လာဝယ်ဖို့ ဆွဲဆောင် နိုင်ပါတယ်။ ဒါပေမယ့် စာလုံးသေးသေးတွေနဲ့ နောက်ဆက်တွဲ စည်းကမ်းချက်များ၊ ပူးတွဲပါ သတ်မှတ်ချက်များတို့ဆိုတာတွေလောက် စိတ်ပျက်စရာကောင်းတာမရှိပါဘူး။ သင့်လုပ်ငန်းက ဘာကိုပဲ ပေးနိုင်မယ်ဆိုတာကို ရိုးသားပွင့်လင်းပါ။ တကယ်လို့ လက်ကမ်းစာစောင်တွေမှာ Offer သက်တမ်းဖော်ပြဖို့ မေ့ခဲ့မယ်ဆိုရင်လည်း ပြန်ဖြည့်စွက်ပါ။ မှားယွင်းဖော်ပြမိတဲ့ ကမ်းလှမ်းမှုတွေက သင့်ထုတ်ကုန်ကို အခိုက်အတန့် စိတ်ဝင်စားမှုမြင့်တက်အောင် ဆွဲဆောင်နိုင်ပေမယ့် သင့်ရဲ့နာမည်ကောင်းကိုတော့ အောက်ထိရောက်အောင် ဆွဲချသွားနိုင်ပါတယ်။

Stay Positive

Customers က ဝတ်စုံအများကြီးကို ဝတ်ကြည့်ပြီး အဝတ်လဲခန်းမှာ ပုံထားခဲ့တယ်၊ ဘာမှလည်း မဝယ်ဘူး ဆိုတဲ့အခါ၊ သင်ကတော့တစ်နာရီလောက်ကြာအောင် Software ဒါမှမဟုတ် Application ကို ဘယ်လိုသုံးရတယ်ဆိုတာ ပြလိုက်ရပေမယ့် ဝယ်သူက Amazon ကပဲ ဝယ်တော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါ၊ တစ်နေ့လုံး မတ်တပ်ရပ်ရလို့ ခြေထောက်တွေက ‌ညောင်းလှပြီ ဆိုင်ပိတ်ဖို့ (၁၀) မိနစ်အလိုအမှ ဝယ်သူတစ်စု ရောက်လာတဲ့အခါ အကောင်းမြင်ပေးဖို့ဆိုတာ ခက်ခဲလှပါတယ်။ တည်ငြိမ်တဲ့အရောင်းပေါ် အားထားနေရတဲ့ ဘယ်လုပ်ငန်းမဆို အကောင်းမြင်စိတ်ထားကို ဖွံ့ဖြိုးဖို့နဲ့ ထိန်းသိမ်းနိုင်ဖို့က အရေးပါလှပါတယ်။ ဆိုးဝါးတဲ့ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်ဖို့နဲ့ ဖြေရှင်းနည်းကိုပဲ ဦးတည်တတ်စေဖို့ ဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးပါ။

အထက်ပါအချက်အလက်လေးတွေဟာ လက်လီ၊ လက်ကားဆိုင်တိုင်း ပြုလုပ်သင့်တဲ့ အချက်လေးတွေဖြစ်လို့ မိတ်ဆွေတို့အတွက် အကျိုးရှိစေမယ်လို့ ယူဆရပါတယ်နော်။ နောက်ထပ်လဲ လက်လီ၊ လက်ကားလုပ်ငန်းတွေနဲ့ပတ်သတ်ပြီး အကျိုးရှိစေမယ့် အကြောင်းအရာလေးတွေ တင်ပေးသွားမှာဖြစ်လို့ GlobalPOS Page လေးကို စောင့်ကြည့်ပေးကြပါလို့ တိုက်တွန်းပါရစေနော် . . .

#globalpos #globalgold

Post a Comment