Global GOLD ဆိုတာဘာလဲ ?

Global Gold Software ဟာဆိုရင် ရွှေနှင့်ပလက်တီနမ်ဆိုင် ၊ စိန်ဆိုင် နှင့် ကျောက်မျက်ရတနာအရောင်းဆိုင်များအတွက် လက်လီ (Retail) ၊ လက်ကား (Whole Sale) ၊ ပြန်လဲ (Sales Return) ၊ အဝယ် (Purchase) ၊ အော်ဒါ (Order) နှင့် ပြင်ထည် (Repair)စသည့် လုပ်ဆောင်ချက်များနှင့် စာရင်းပိုင်းများအတွက် စိတ်ပူစရာမလိုတော့ဘဲ အမြန်ဆုံးနှင့်အကောင်းဆုံးဖြစ်အောင် ထိန်းချုပ်ပေးနိုင်သော Software တစ်ခုဖြစ်ပါတယ်။

Get Started

Global GOLD ကို ဘာကြောင့်အသုံးပြုသင့်တာလဲ ?

၁၀ နှစ်ကျော်သက်တမ်းရှိသော နည်းပညာ Company တစ်ခု ဖြစ်သည့်အပြင် Customers များအတွက် အမှန်တကယ် အသုံးဝင်နိုင်မည့် လုပ်ဆောင်မှုများနှင့် နည်းပညာများကိုသာ အဓိကဦးစားပေးလုပ်ဆောင်ပေးခြင်း ၊ ကျွမ်းကျင်သော Service Technician များမှ Training ပိုင်း နှင့် Customer Service ပိုင်းကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ခြင်းတို့ အတွက်ကြောင့် Global GOLD ကို သင့်လုပ်ငန်းမှာအသုံးပြုဖို့ ရွေးချယ်သင့်ပါတယ်။

2005
2010
2018
2019
2021

2005

Basic Gold & Jewellery Management System

2010

Advance Gold & Jewellery Management System

2018

Mortgage Module

2019

Data Synchronization

2021

GMRgold

Global GOLD ကို အသုံးပြုနိုင်သော လုပ်ငန်းအမျိုးအစားများ

  • ရွှေဆိုင်များ
  • စိန်ဆိုင်များ
  • ပလက်တီနမ်ဆိုင်များး
  • ကျောက်မျက်ရတနာဆိုင်များ

Some Of Our Customers

Main Functions

Sales Management System

အထည်ပစ္စည်းများကို Barcode များဖြင့်သတ်မှတ်ခြင်း ၊ ရွှေရည်ပေါ်မူတည်ပြီးပေါက်ဈေးသတ်မှတ်ခြင်း ၊ လက်လီ လက်ကားရောင်းချခြင်း နှင့် အကြွေးဆပ်ခြင်း စသည့်အရောင်းနှင့်သတ်ဆိုင်သော လုပ်ဆောင်မှုများကို လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

Inventory Management System

အထည်ပစ္စည်းများကို ဝယ်ယူခြင်း ၊ လဲလှယ်ခြင်း ၊ အပ်ထည် လက်ခံခြင်း နှင့် ပြန်ရွေးခြင်း ၊ ပြင်ထည်လက်ခံခြင်း နှင့် ပြန်ရွေးခြင်း စသည့်လုပ်ဆောင်မှုများစွာပါဝင်မည်ဖြစ်ပြီး အထည်ပစ္စည်းများ၏လက်ကျန်ကိုပါ သိရှိနိုင်မည် ဖြစ်ပါသည်။

Reports

အရောင်းစာရင်း ၊ အဝယ်စာရင်းများကို နေ့အလိုက် ၊ လအလိုက် ၊ နှစ်အလိုက် ကြည့်ရှု့နိုင်မည်ဖြစ်ပြီး လက်ကျန်စာရင်း ၊ အကြွေးစာရင်း ၊ အရှုံးအမြတ်စာရင်းအပြင် တခြား Reports ပေါင်းများစွာ ပါဝင်မည်ဖြစ်ပါသည်။

Advance Features

Gold Price

ရွှေရည်အလိုက် ကာလပေါက်ဈေး ၊ ဂရမ်ဈေး (သို့) ရာခိုင်နှုန်း (%) ဖြင့် ရွေးချယ်သတ်မှတ်နိုင်ခြင်း။

Template

Receipts / Voucher ဒီဇိုင်းများကို မိမိစိတ်ကြိုက် ပြင်ဆင်ဖန်တီးနိုင်ခြင်း။

Measurements

ရွှေချိန် ၊ ကျောက်ချိန်အတိုင်းအတာများကို သတ်မှတ်နိုင်ခြင်း။

Barcode Module

အထည်တစ်ခုချင်းစီအတွက် Barcode Labels များကို Software မှတိုက်ရိုက်ထုတ်ယူနိုင်ခြင်း။

Gold Quality

ရွှေရည်အမျိုးအစားများကို စိတ်ကြိုက်သတ်မှတ်နိုင်ခြင်း။

User Level Management

User တစ်ယောက်ချင်းစီ၏ လုပ်ဆောင်မှုများကို အသေးစိတ်ထိန်းချုပ်နိုင်မည် ဖြစ်ပါသည်။

Special Features

ရုံးချုပ်နှင့်ရုံးခွဲများ အချင်းချင်း Data များပေးပို့နိုင်သဖြင့် ရုံးခွဲများ၏ အရောင်းစာရင်းများ နှင့် လက်ကျန်စာရင်းများကို ရုံးချုပ်မှ အချိန်နှင့်တပြေးညီ သိရှိနိုင်ခြင်း။

အပေါင်လုပ်ငန်းနှင့်ပတ်သတ်သော အပေါင်ပစ္စည်းလက်ခံခြင်း ၊ အတိုးနှုန်းသတ်မှတ်ခြင်း နှင့် ပြန်ရွေးခြင်းတို့ကို လုပ်ဆောင်နိုင်ခြင်း။

GMRgold ဆိုတာ ရွှေ ၊ ပလက်တီနမ် ၊ စိန် နှင့်ကျောက်မျက်ရတနာအရောင်းဆိုင် ပိုင်ရှင်များအနေဖြင့် မိမိတို့အရောင်းဆိုင်များရဲ့ စာရင်းများကို Mobile ကနေတဆင့် ကြည့်ရှု့နိုင်မယ့် Application တစ်ခုပဲဖြစ်ပါတယ်။