Mortgage

Mortgage ဆိုတာဘာလဲ?

အပေါင်ပစ္စည်းများအတွက် ပေါင်နှံသူ ၊ လိပ်စာ ၊ ပစ္စည်းအမျိုးအမည် ၊ အတိုးနှုန်း ၊ ရွှေရည်နှင့် ပေါက်ဈေးတို့ကို တစ်ခုချင်းအလိုက် ၊ အထုပ်လိုက် စာရင်းသွင်းနိုင်ပြီး Voucher , Record Slip နှင့် Barcode အနေဖြင့်လည်း ထုတ်ယူနိုင်မည်ဖြစ်သည်။

အပေါင်ပစ္စည်း၏ စတင်ပေါင်နှံသည့်ရက်မှစပြီး လက်ရှိကာလအထိကို အတိုးသတ်ကာလအဖြစ် သတ်မှတ်နိုင်သလို အတိုးကျသင့်ငွေကို ချေးငွေပေါ်မူတည်ပြီးဖြစ်စေ ၊ အရင်းခွဲဆပ်သည့်အပေါ်မူတည်ပြီးဖြစ်စေ တွက်ချက်ပေးနိုင်မည်ဖြစ်သည်။

အပေါင်ပစ္စည်းလာရောက်ရွေးယူပါက Voucher No ကိုရွေးရုံဖြင့် စတင်ပေါင်နှံသည့်နေ့မှစပြီး ပြန်ရွေးသည့်ရက်အထိ ကျသင့်သည့်အတိုးကျသင့်ငွေအပြင် ရက်ကျော်အတိုးပမာဏများကိုလည်း တစ်လတိုး လဝက်တိုးပုံစံများဖြင့် ဖော်ပြပေးနိုင်မည် ဖြစ်သည်။