Terms & Conditions – GlobalPOS

Terms & Conditions

  1. Global Wave Technology မှ ဤကွန်ပျူတာပရိုဂရမ် GlobalPOS (Point of Sales System) ကို ဝယ်ယူသူကိုယ်တိုင် သုံးစွဲရန်အတွက်သာ ရောင်းချခြင်းဖြစ်ပါသည်။ Global Wave Technology ၏ ခွင့်ပြုချက်မရပဲ တဆင့်ထပ်မံကူးယူဖြန့်ဖြူးရောင်းချခွင့်မရှိပါ။
  2. ဤကွန်ပျူတာပရိုဂရမ် GlobalPOS (Point of Sales System) ကို သုံးစွဲရန်အတွက် Global Wave Technology မှ License Key ကိုသာ အသုံးပြုရမည် ဖြစ်ပါသည်။ Global Wave Technology မှ License Key တစ်ခုကို Computer တစ်လုံးထဲတွင်သာ အသုံးပြုနိုင်သည်။ နောက် Computer တစ်လုံး တွင် အသုံးပြုလိုပါက Network တစ်ခုတည်းအတွင်းဆိုလျှင် Extra License Key နောက်တစ်ခု ထပ်မံ ဝယ်ယူရမည်ဖြစ်ပါပြီး၊ အခြား Network/Location (ဆိုင်ခွဲ/ရုံးခွဲစသဖြင့်) ၌ဆိုလျှင် New PC License Key နောက်တစ်ခုထပ်မံဝယ်ယူရမည် ဖြစ်ပါသည်။
  3. Global Wave Technology မှ License Key သည် လုပ်ငန်းအမည်၊ ဝယ်ယူသူနံပါတ် (Customer Reference No.) နှင့် ထည့်သွင်းသုံးစွဲမည့် Computer ၏ CPU No တို့ကို မူတည်၍ ထုတ်ထားခြင်းဖြစ် ပါသည်။ သို့ဖြစ်ပါ၍ License Key မထည့်သွင်းမှီ သုံးစွဲမည့်လုပ်ငန်းအမည်နှင့် Computer ကို သေချာ စွာ ရွေးချယ်ရန် လိုအပ်ပါသည်။
  4. GlobalPOS (Point of Sales System) ထည့်သွင်းအသုံးပြုရမည့် Computer သည် အခြေခံအားဖြင့် အနည်းဆုံး အောက်ပါအချက်အလက်များပြည့်စုံရမည်ဖြစ်ပါသည်။
    Minimum
    • Operating System: Windows 10 Pro
    • Processor : Intel®Core™ i5 (Server) and Core™2 Duo (Client)
    • Memory: 4 GB RAM (Server) and 4 GB RAM (Client)
    • Network: Network card or Wi-Fi for server/Client
    • Hard Drive: 500 GB (Server)
    Recommend
    • Operating System: Windows 10 Pro
    • Processor : Intel®Core™ i5 (Server) and Intel®Core™ i3 (Client)
    • Memory: 8 GB RAM (Server) and 4 GB RAM (Client)
    • Network: Network card or Wi-Fi for server/Client
    • Hard Drive: 1 TB (Server)
  5. Operation System လဲလှယ်/ပြောင်းလဲခြင်း၊ CPU မှလွဲ၍ အခြား Hardware ပစ္စည်းများလဲလှယ် တပ်ဆင်ခြင်းတို့အတွက် မူလ License Key ကိုပင် အသုံးပြုနိုင်ပါသည်။ CPU လဲလှယ်တပ်ဆင်ခြင်း၊ Software သုံးစွဲသည့် Computer ပြောင်းလဲခြင်းတို့ ပြုလုပ်ခဲ့ပါက License Key အသစ်ကို လက်ရှိ Software ဈေးနှုန်း၏ 20% နှုန်းထားဖြင့် ပြန်လည်ဝယ်ယူရပါမည်။
  6. သုံးစွဲနေသော Computer ၏ CPU ပျက်စီးပါက Global Wave Technology သို့ ဆက်သွယ်တင်ပြနိုင် ပြီး License Key အသစ် ပြန်လည်ထုတ်ပေးရန် တောင်းခံနိုင်ပါသည်။ ဤကိစ္စတွင် Global Wave Technology ၏ ဆုံးဖြတ်ချက်သာ အတည် ဖြစ်ပါသည်။ (အချို့သော ကိစ္စရပ်များကို Charges ကောက်ခံမည်ဖြစ်ပြီး Customer လိုအပ်ချက်ပေါ်မူတည်ပြီး Free Charges ရှိနိုင်မည် ဖြစ်သည်။)
  7. ဤကွန်ပျူတာပရိုဂရမ် GlobalPOS (Point of Sales System) သည် Ready Made Package ဖြစ်သောကြောင့် ဤကွန်ပျူတာပရိုဂရမ်အတွင်း Reports/Functions/Modules များ ထပ်ထည့်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်းများကို Global Wave Technology မှ ဆောင်ရွက်ပေးမည် မဟုတ်ပါ။
  8. ဤကွန်ပျူတာပရိုဂရမ် GlobalPOS (Point of Sales System) ကို ပထမဆုံးဝယ်ယူသူများအတွက် အသုံးပြုပုံများကို Global Wave Technology မှ Free Training နှစ်ကြိမ် (၄ နာရီ) လာရောက် ပို့ချပေး မည်ဖြစ်ပါသည်။
  9. Free Training ပေးခြင်းသည် Extra PC’s License (အပို License) များ ထပ်မံဝယ်ယူခြင်းနှင့် မသက် ဆိုင်ပါ။
  10. ဤကွန်ပျူတာပရိုဂရမ် GlobalPOS (Point of Sales System) အတွက် (Free Service Period) မှာ ဤကွန်ပျူတာပရိုဂရမ် ဝယ်ယူသည့်နေ့မှစ၍ နှစ်လတိတိဖြစ်ပါသည်။
    10.1 Service Period သည် ဝယ်ယူသည့်နေ့မှစ၍ သတ်မှတ်ကာလအတွင်းသာ ဖြစ်ပါသည်။ Free Service Period ကုန်ဆုံးသွားပါက (သင့်လျော်သောနှုန်းထား + ခရီးစရိတ်) ဖြင့် ဝန်ဆောင်မှု ပေးမည် ဖြစ်ပါသည်။
    10.2 Free Service Period အတွင်းတွင် ကွန်ပျူတာပရိုဂရမ်နှင့် သက်ဆိုင်သော ချို့ယွင်းမှုတစ်စုံ တစ်ရာဖြစ်ပေါ်ခဲ့လျှင် ပထမဦးစွာဖုန်းဖြင့် ဖြေရှင်းပေးမည်ဖြစ်ပါသည်။ အသုံးပြုသူများဘက်မှ လည်း ဖြစ်ပေါ်နေသော အခက်အခဲများကို ဖုန်းဖြင့် သေချာစွာရှင်းပြပေးရမည် ဖြစ်ပါသည်။
    10.3 ဖုန်းမှဖြေရှင်း၍ အဆင်မပြေလျှင် Customer Site သို့ Service Technician ကိုယ်တိုင်သွား ရောက်ဖြေရှင်းပေးမည် ဖြစ်ပါသည်။
    10.4 Customer ထံ Service Technician များ ကိုယ်တိုင်သွားရောက်ဖြေရှင်းပေးရမည်ဆိုလျှင် လည်း ၇၂ နာရီ (၃ ရက်) အတွင်း နောက်ဆုံးထားကာ လာရောက်ဖြေရှင်းပေးမည် ဖြစ်ပါသည်။
    10.5 Free Service Period အတွင်း Customer Site သို့ သွားရောက်ဖြေရှင်းပေးသည့် အချိန်တွင် ကွန်ပျူတာပရိုဂရမ်နှင့် မသက်ဆိုင်သောအခြေအနေများကြောင့် အဆင်မပြေမှုများဖြစ်ပေါ်နေ သည်ဆိုပါက Free Service တွင် အကျုံးဝင်မည်မဟုတ်ပါ။ Service Charges ထပ်မံပေး ဆောင်ရမည် ဖြစ်ပါသည်။
    10.6 ကွန်ပျူတာပရိုဂရမ်နှင့် မသက်ဆိုင်သော အောက်ဖော်ပြပါအချက်များကြောင့် ဆုံးရှုံးမှုများနှင့် အဆင်မပြေမှုများကို Global Wave Technology မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။
    10.6.1 Software ထည့်သွင်းထားသော ကွန်ပျူတာပျက်စီးခြင်း။
    10.6.2 Software ထည့်သွင်းထားသော ကွန်ပျူတာ၏ Operation System ပျက်စီးခြင်း။
    10.6.3 Software ထည့်သွင်းထားသော ကွန်ပျူတာတွင် Computer Virus များ ရှိခြင်း။
    10.6.4 Computer Virus များကြောင့် Software ထည့်သွင်းထားသော ကွန်ပျူတာအသုံးပြု၍ မရခြင်း။
    10.6.5 Software ထည့်သွင်းထားသော ကွန်ပျူတာများအချင်းချင်းချိတ်ဆက်ထားသော (Local Area Network) ချို့ယွင်းခြင်း။
    10.6.6 ကွန်ပျူတာအမာထည်ပစ္စည်းများ (Computer Hardware) ပျက်စီးခြင်း၊ ကွန်ပျူတာ၏ Operation System ပျက်စီးခြင်း၊ Computer Virus များ ရှိခြင်းတို့ကြောင့် ဖြစ်ပေါ်လာ သော Data (အချက်အလက်များ) ပျက်စီးဆုံးရှုံးခြင်း။
    10.6.7 ကွန်ပျူတာပရိုဂရမ်အသုံးပြုရန် လိုအပ်သောအခြား Application Software (Microsoft Access, MS SQL 2000/2005) ပျက်စီးခဲ့ခြင်းကြောင့် ပေါ်ပေါက်လာသော ဆုံးရှုံးခြင်း။
    10.6.8 ကွန်ပျူတာပရိုဂရမ်ကို အသုံးပြု၍ Data များကို Backup/ Restore ပြုလုပ်ခြင်းနှင့် အဆိုပါ Database File နှင့် Backup/ Restore Files ကို ထိန်းသိမ်းခြင်းသည် သုံးစွဲသူ/ဝယ်ယူသူ ၏ တာဝန်သာ ဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါ Database File နှင့် Backup/ Restore Files များ ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်း၊ ကွန်ပျူတာပရိုဂရမ်အသုံးပြုနေစဉ်တွင် မီးပျက် ခြင်း၊ UPS မနိုင်ခြင်းစသော ရုတ်တရက်ပြတ်တောက်သွားခြင်း၊ Computer အား အဆင့် တိုင်းမပိတ်ဘဲ တန်းပိတ်ခြင်းနှင့် အပြီးထိ Shutdown မကျခင်မီးပိတ်ခြင်းတို့ကြောင့် Database Suspect ဖြစ်ခြင်း။
    10.6.9 ပြင်ပမှ ဝယ်ယူချိတ်ဆက်ထားသော Device များနှင့် Server/ Client ချိတ်ဆက်အသုံးပြု ရန် လိုအပ်သော Network ပြဿနာများအတွက်လဲ Global Wave မှ တာဝန်ယူဖြေရှင်း ပေးမည် မဟုတ်ပါ။
    10.7 Free Service Period သည် Extra PC’s License (အပို License)များ ထပ်မံဝယ်ယူခြင်းနှင့် မသက်ဆိုင်ပါ။
    10.8 Standard Package အသုံးပြုနေသော Customer အနေဖြင့် Data Synchronization ကို ထပ်မံ အသုံးပြုလိုပါက Data အဟောင်းများကို ပြန်လည်မရရှိနိုင်ပါ။
  11. ဤကွန်ပျူတာပရိုဂရမ်အတွင်း ထည့်သွင်းအသုံးပြုသော Data အချက်အလက်များကို ထိန်းသိမ်းစောင့် ရှောက်ရန်သည် သုံးစွဲသူ/ဝယ်ယူသူ၏ တာဝန်သာ ဖြစ်ပါသည်။ အဆိုပါ Data အချက်အလက်များနှင့် ပတ်သက်၍ ဥပဒေနှင့် မလွတ်ကင်းခြင်း၊ ဆုံးရှုံးပျက်စီး / ပျောက်ဆုံးခြင်း၊ ပေါက်ကြားခြင်းတို့ အတွက် Global Wave Technology ထံတွင် ဥပဒေအရ မည်သည့်တာဝန်မှ မရှိစေရပါ။
  12. ရန်ကုန်မြို့နှင့် မန္တလေးမြို့မှတစ်ပါး အခြားသောမြို့များအတွက် Global Wave Technology မှ Service Technicians များ၏ ခရီးစရိတ်၊ နေစရိတ်နှင့် စားစရိတ်စသည်တို့ကို ဝယ်ယူသူမှ တာဝန်ယူကျခံရပါ မည်။
  13. Software Version Upgrade ပြုလုပ်လိုပါကလည်း Update Features အတွက်ပေးရန်မလိုအပ်ဘဲ Service Charges သာကောက်ခံသွားမည်ဖြစ်ပါသည်။
  14. Global Wave Technology ၏ ရုံးဖွင့်ချိန်မှာ မနက် (၉) နာရီ မှ ညနေ (၅) နာရီထိဖြစ်ပြီး ရုံးတက်ရက် များမှာ တနင်္လာနေ့ မှ သောကြာနေ့အထိဖြစ်ပါသည်။ Customer များ အဆင်ပြေစေရန်အတွက် လတစ် လ၏ ပထမဆုံးအပတ် နှင့် နောက်ဆုံးအပတ် စနေနေ့များတွင်လည်း ရုံးဖွင့်မည် ဖြစ်ပါသည်။
  15. Customize Report များ လုပ်ဆောင်မည်ဆိုပါက Global Wave Technology မှ (သင့်လျော်သော နှုန်းထား + ခရီးစရိတ်) ဖြင့် ဝန်ဆောင်မှုပေးမည်ဖြစ်ပါသည်။ အဆိုပါ Customize Report ကိုလည်း Customer လိုချင်သည့်ပုံစံအတိုင်း သဘောတူညီချက်ရရှိပြီးမှ စတင်ရေးဆွဲပေးမည် ဖြစ်ပါသည်။ သဘောတူညီချက်ရယူပြီး ရေးဆွဲထားသော Report ဖြစ်သဖြင့် ရေးဆွဲပြီးပါက ပြုပြင်ပြောင်းလဲခြင်းများ ထပ်မံပြုလုပ်ပေးမည် မဟုတ်ပါ။ ပြုပြင်ပြောင်းလဲခြင်းများ ပြုလုပ်လိုပါက Customize Report Charges ထပ်မံပေးဆောင်ရမည် ဖြစ်ပါသည်။
  16. Free Service Period ကာလအတွင်း ပထမဆုံးအကြိမ် Installation ပြုလုပ်ပေးခြင်း၊ Free Training ပေးခြင်းနှင့်အခြားသော လူကိုယ်တိုင်လာရောက် ပေးရသောဝန်ဆောင်မှုများအတွက် Service Charges နှင့် TA Charges များကောက်ခံမည်မဟုတ်ပါ ၊ Free Service Period (2 Months) ကျော်လွန်သွားမှသာလျှင် ကောက်ခံမည်ဖြစ်ပါသည်။
  17. Free Service Period ကာလအတွင်း Free Training သင်ယူပေးပြီးဖြစ်သော်လည်း နောက်ထပ် Training ထပ်မံသင်ကြားလိုပါက သတ်မှတ်ထားသော Training Charges အတိုင်း ကောက်ခံသွား မည် ဖြစ်ပါသည်။
  18. ရန်ကုန်မြို့နှင့် မန္တလေးမြို့မှတစ်ပါး အခြားသောမြို့များမှ ဝယ်ယူပါက Service Technician ၏ ခရီး စရိတ်၊ နေစရိတ်၊ သွားလာစရိတ်နှင့် စားစရိတ်တို့အပြင် တစ်နေ့တာ Service Charges ကိုပါ ပေးဆောင်ရမည် ဖြစ်ပါသည်။
  19. Voucher Template အတွက် Global Wave Technology မှ သတ်မှတ်ထားသော Template Design များပေါ်မူတည်ပြီး Free Training အတွင်းသာ ပြင်ဆင်ပေးမည်ဖြစ်ပြီး ထပ်မံ ပြင်ဆင်လိုသော Template Design အတွက် Service Charges ပေးဆောင်ရမည်ဖြစ်ပါသည်။ ထို့အတွက် မိမိတို့ ထုတ်ယူလိုသည့် Template Design ကို Free Training ကာလအတွင်း ပြင်ဆင်ပေးထားရမည် ဖြစ်ပါ သည်။
  20. Global Wave Technology မှ သတ်မှတ်ထားသော Template Design မဟုတ်ဘဲ တခြားသောပုံစံ (ဥပမာ – Printed Book) များနှင့် အသုံးပြုလိုပါက သတ်မှတ်ထားသော Customized Template Charges မှ စတင်ပြီး ပေးဆောင်ရမည် ဖြစ်ပါသည်။
  21. စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် Service နှင့် Training ပြုလုပ်လိုပါက Global Wave Technology မှ သတ်မှတ်ထားသော Charges အလိုက် ပေးဆောင်ရမည် ဖြစ်ပါသည်။
  22. GlobalPOS Software အသုံးပြုခြင်းဖြင့် လိုအပ်သော Stock များအား Software အတွင်းထည့်သွင်း ခြင်းကို Global Wave Technology ဘက်မှ ပြုလုပ်ပေးမည်မဟုတ်ဘဲ Customer ဘက်မှ မိမိတို့ ကိုယ်တိုင် ပြုလုပ်ရမည် ဖြစ်ပါသည်။
  23. GlobalPOS Software ကို Installation စတင်ပြုလုပ်သောနေ့တွင် လူကြီးမင်းတို့ ဝယ်ယူထားသော Modules အလိုက် Payment ကို အကြေပေးချေရမည် ဖြစ်ပါသည်။ လူကြီးမင်းတို့ စိတ်ကြိုက်ရွေးချယ် ဝယ်ယူထားသော Modules အလိုက် ပေးချေပြီးသော Payment များကို မည်သည့်အကြောင်းနှင့်မျှ ပြန်အမ်းပေးမည် မဟုတ်ပါ။
  24. GlobalPOS Software သည် Computer တစ်လုံးစီအတွက် License Key တစ်ခုချင်းစီဖြင့်သာ အသုံးပြုရ သော Software ဖြစ်ပါသောကြောင့် Customer များအနေဖြင့် Payment ပေးချေပြီးလျှင် မည်သည့် အကြောင်းနှင့်မျှ ပြန်အမ်းပေးမည် မဟုတ်ပါ။

Changes to This Terms and Conditions

We may update our Terms and Conditions from time to time. Thus, you are advised to review this page periodically for any changes. We will notify you of any changes by posting the new Terms and Conditions on this page.

Contact Us

If you have any questions or suggestions about our Terms and Conditions, do not hesitate to contact us at pos.marketing@globalwave.com.mm.