Terms & Conditions – GlobalGold

Terms & Conditions

    1. Global Wave Technologyမှ ဤ ကွန်ပျူတာပရိုဂရမ် GlobalGold ကိုဝယ်ယူသူကိုယ်တိုင် သုံးစွဲရန် ရောင်းချခြင်း ဖြစ်ပါသည်။ Global Wave Technology ၏ ခွင့်ပြုချက် မရပဲတဆင့် ထပ်မံကူးယူ ဖြန့်ဖြူးရောင်းချခွင့်မရှိပါ။
    2. ဤ ကွန်ပျူတာပရိုဂရမ် GlobalGold ကိုသုံးစွဲရန်အတွက် Global Wave Technology မှ License Key ကိုအသုံးပြုရမည် ဖြစ်ပါသည်။ Global Wave Technology မှ License Key တစ်ခုကို Computer တစ်လုံးထဲတွင်သာအသုံးပြုနိုင်သည်။ နောက် Computer တစ်လုံးတွင် အသုံးပြုလိုပါက၊ Network တခုတည်းအတွင်းဆိုလျှင် Extra License Key နောက် တစ်ခုထပ်မံဝယ်ယူရမည် ဖြစ်ပါသည်။ နောက် Computer တစ်လုံးတွင် အသုံးပြုလိုပါက၊ အခြား Network/Location (ဆိုင်ခွဲ၊ ရုံးခွဲစသဖြင့်) ၌ဆိုလျှင် New PC License Key နောက် တစ်ခုထပ်မံဝယ်ယူရမည် ဖြစ်ပါသည်။
    3. Global Wave Technology မှ License Key သည် လုပ်ငန်းအမည်၊ ဝယ်ယူသူနံပါတ် (Customer Reference No.) နှင့် ထည့်သွင်းသုံးစွဲမည့် Computer ၏ CPU No တို့ကိုမူတည်၍ ထုတ်ထားခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ License Key မထည့်သွင်းမှီသုံးစွဲမည့် လုပ်ငန်းအမည်နှင့် Computer ကိုသေချာစွာရွေးချယ်ရန် လိုအပ်ပါသည်။
    4. GlobalGold ထည့်သွင်းအသုံးပြုမည့် Computer သည် အခြေခံအားဖြင့် အနည်းဆုံး အောက်ပါအချက်အလက်များပြည့်စုံရမည်ဖြစ်ပါသည်။
      Minimum
      • Operating System: Windows 10 Pro
      • Processor : Intel®Core™ i5 (Server) and Core™2 Duo (Client)
      • Memory: 4 GB RAM (Server) and 4 GB RAM (Client)
      • Network: Network card or Wi-Fi for server/Client
      • Hard Drive: 500 GB (Server)
      Recommend
      • Operating System: Windows 10 Pro
      • Processor : Intel®Core™ i5 (Server) and Intel®Core™ i3 (Client)
      • Memory: 8 GB RAM (Server) and 4 GB RAM (Client)
      • Network: Network card or Wi-Fi for server/Client
      • Hard Drive: 1 TB (Server)
    5. Operating System လဲလှယ် ပြောင်းလဲခြင်း၊ CPU မှလွဲ၍ အခြား Hardware ပစ္စည်းများလဲလှယ် တပ်ဆင်ခြင်းတို့အတွက် မူလ License Key ကိုပင် အသုံးပြုနိုင်ပါသည်။ CPU လဲလှယ် တပ်ဆင် ခြင်း ၊ Software သုံးစွဲသည့် Computer ပြောင်းလဲခြင်းတို့ ပြုလုပ်ခဲ့ပါက License Key အသစ် ကို လက်ရှိ Software ဈေးနှုန်း၏ 20 % နှုန်းထားဖြင့် ပြန်လည်ဝယ်ယူရပါမည်။
    6. သုံးစွဲနေသော Computer ၏ CPU ပျက်စီးပါက Global Wave Technologyသို့ဆက်သွယ် တင်ပြနိုင်ပြီး License Key အသစ် ပြန်လည် ထုတ်ပေးရန် တောင်းခံနိုင်ပါသည်။ ဤ ကိစ္စတွင် Global Wave Technology ၏ ဆုံးဖြတ်ချက်သာအတည် ဖြစ်ပါသည်။
    7. ဤကွန်ပျူတာပရိုဂရမ် GlobalGold သည် Ready Made Package ဖြစ်သောကြောင့် ကွန်ပျူတာပရိုဂရမ် အတွင်း Reports/Functions/Modules များအသစ်ထည့်သွင်းလိုပါက Charges ကောက်ခံမည်ဖြစ်ပါသည်။
    8. ဤကွန်ပျူတာပရိုဂရမ် GlobalGold ကိုပထမဆုံးဝယ်ယူသူများအတွက် အသုံးပြုပုံများကို Global Wave Technology မှ Free Training သုံးကြိမ် (၃ နာရီ) လာရောက် ပို့ချပေးမည် ဖြစ်ပါသည်။
    9. Free Training ပေးခြင်းသည် Extra PC’s License (အပို License) များထပ်မံဝယ်ယူခြင်းနှင့် မသက်ဆိုင်ပါ။
    10. ဤကွန်ပျူတာပရိုဂရမ် GlobalGold အတွက် (Free Service Period) မှာ ဤ ကွန်ပျူတာပရိုဂရမ် ဝယ်ယူသည့်နေမှ စပြီး ၂လတိတိဖြစ်ပါသည် ။

      10.1 ServicePeriodသည်ဝယ်ယူသည့်နေ့မှစ၍သတ်မှတ်ကာလအတွင်းသာဖြစ်ပါသည်။FreeServicePeriodကုန်ဆုံးသွားပါကသင့်လျော်သောနှုန်းထား+ခရီးစရိတ်ဖြင့်ဝန်ဆောင်မှုပေးမည်ဖြစ်ပါသည်။
      10.2 FreeServicePeriod အတွင်းတွင်ကွန်ပျူတာပရိုဂရမ်နှင့်သက်ဆိုင်သောချို့ယွင်းမှုတစ်စုံတရာ ဖြစ်ပေါ်ခဲ့လျှင
      ပထမဦးစွာဖုန်းဖြင့်ဖြေရှင်းပေးမည်ဖြစ်ပါသည်။ အသုံးပြုသူများဘက်မှလည်း ဖြစ်ပေါ်နေသောအခက်ခဲများကိုဖုန်းဖြင့် သေချာစွာရှင်းပြပေးရမည်ဖြစ်သည်။
      10.3 ဖုန်းဖြေရှင်း၍အဆင်မပြေလျှင်CustomerSiteသို့ServiceTechnicianကိုယ်တိုင်သွားရောက်ဖြေရှင်းပေးမည်ဖြစ်ပါသည်။
      10.4 Customer ထံ Service Technician များကိုယ်တိုင်သွားရောက် ဖြေရှင်းပေးရမည်ဆိုလျှင်လည်း ၇၂နာရီ (3 ရက်) အတွင်းနောက်ဆုံးထားကာလာရောက်ဖြေရှင်းပေးမည်ဖြစ်သည်။
      10.5 Free Service Period အတွင်းCustomer Site သို့ သွားရောက်ဖြေရှင်းပေးသည့်အချိန်တွင် ကွန်ပျူတာပရိုဂရမ်နှင့်မသက်ဆိုင်သောအခြေအနေများကြောင့် အဆင်မပြမှုများဖြစ်ပေါ်နေသည် ဆိုလျှင် Free Service တွင်အကျုံးမဝင်ပါ။ Service Charges ထပ်မံပေးဆောင်ရမည်ဖြစ်သည်။
      10.6 ကွန်ပျူတာပရိုဂရမ်နှင့်မသက်ဆိုင်သောအောက်ဖော်ပြပါ အချက်များကြောင့် ဆုံးရှုံးမှုများနှင့် အဆင်မပြေမှုများကို GlobalWaveTechnology မှတာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။
      10.6.1 Software ထည့်သွင်းထားသောကွန်ပျူတာပျက်စီးခြင်း။
      10.6.2 Software ထည့်သွင်းထားသောကွန်ပျူတာ ၏ Operation System ပျက်စီးခြင်း။
      10.6.3 Software ထည့်သွင်းထားသောကွန်ပျူတာတွင် Computer Virus များရှိခြင်း။
      10.6.4 Computer Virus များကြောင့် Software ထည့်သွင်းထားသောကွန်ပျူတာအသုံးပြု၍ မရခြင်း။
      10.6.5 Software ထည့်သွင်းထားသောကွန်ပျူတာများအချင်းချင်းချိတ်ဆက် ထားသော (Local Area Network)ချို့ယွင်းခြင်း။
      10.6.6 ကွန်ပျူတာအမာထည်ပစ္စည်းများ (Computer Hardware) ပျက်စီးခြင်း၊ ကွန်ပျူတာ ၏ Operation System ပျက်စီးခြင်း၊ Computer Virus များရှိခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော Data (အချက်အလက်များ) ပျက်စီးဆုံးရှုံးခြင်း။
      10.6.7 ကွန်ပျူတာပရိုဂရမ်အသုံးပြုရန် လိုအပ်သောအခြား Application Software (Microsoft Access, MS SQL 2000/2005) ပျက်စီးခဲ့ခြင်းကြောင့် ပေါ်ပေါက်လာသောဆုံးရှုံးခြင်း။
      10.6.8 ကွန်ပျူတာပရိုဂရမ်ကိုအသုံးပြု၍ Data များကိုBackUp / Restore ပြုလုပ်ခြင်းနှင့် အဆိုပါ Database File နှင့် BackUp/Restore Files ကိုထိန်းသိမ်းခြင်းသည် သုံးစွဲသူ/ဝယ်ယူသူ၏ တာဝန်သာ ဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါ Database File နှင့် BackUp/Restore Files များပျက်စီးခြင်း၊ ပျောက်ဆုံးခြင်း၊ ကွန်ပျူတာပရိုဂရမ်အသုံးပြုနေစဉ်တွင်မီးပျက်ခြင်း၊ UPS မနိုင်ခြင်းစသောရုတ်တရက်ပြတ်တောက်သွားခြင်း၊Computerအားအဆင့်တိုင်းမပိတ်ဘဲတန်းပိတ်ခြင်းနှင့်အပြီးထိ Shutdown မကျခင်မီးပိတ်ခြင်းတို့ကြောင့် Database Suspect ဖြစ်ခြင်း။
      10.6.9 Free Service Period သည် Extra PC’s License (အပို License) များထပ်မံဝယ်ယူခြင်းနှင့် မသက်ဆိုင်ပါ။

    11. ဤကွန်ပျူတာပရိုဂရမ်အတွင်းထည့်သွင်းအသုံးပြုသော Data အချက်အလက်များကို ထိန်းသိမ်း စောင့်ရှောက်ရန်သည် သုံးစွဲသူ/ဝယ်ယူသူ ၏ တာဝန်သာ ဖြစ်ပါသည်။ အဆိုပါ Data အချက်အလက်များနှင့် ပတ်သက်၍ ဥပဒေနှင့် မလွတ်ကင်းခြင်း၊ ဆုံးရံှုးပျက်စီးပျောက်ဆုံးခြင်း၊ ပေါက်ကြားခြင်းတို့အတွက် Global Wave Technology ထံတွင် ဥပဒေအရမည်သည့် တာဝန်မှ မရှိစေရပါ။

    12. ရန်ကုန်မြို့နှင့် မန္တလေးမြို့ပြင်ပ မြို့များအတွက် Global Wave Technology မှ Service Technicians များ၏ ခရီးစရိတ်၊ နေစရိတ် နှင့် စားစရိတ် စသည်တို့ကိုဝယ်ယူသူ မှ တာဝန်ယူ ကျခံရပါမည်။

    13. Software Version Upgrade ပြုလုပ်လိုပါကလည်းသင့်လျော်သော နှုန်းထား + ခရီးစရိတ် ဖြင့် ဝန်ဆောင်မှုပေးမည် ဖြစ်ပါသည်။

    14. Global Wave Technology ၏ ရုံးဖွင့်ချိန်မှာမနက် (၉) နာရီ မှ ညနေ (၅) နာရီထိဖြစ်ပြီးရုံးတက်ရက်များမှာတနင်္လာနေ့ မှသောကြာနေ့ထိ ဖြစ်ပါသည်။Customer များအဆင်ပြေစေရန်လတစ်လ၏ပထမအပတ် နှင့်နောက်ဆုံးအပတ်စနေနေ့များတွင် လည်းရုံးဖွင့်မည် ဖြစ်ပါသည်။

    15. Free service period ကာလအတွင်း ပထမဆုံးအကြိမ် Installation ပြုလုပ်ပေးခြင်း , Free Training ပေးခြင်းတို့မှ လွဲ၍ မည်သည့်ဝန်ဆောင်မှုကို မဆို TA Charges ကောက်ခံသွားမည်ဖြစ်သည် ။

    16. Free Service Period ကာလအတွင်း Free Training သင်ယူပေးပြီးဖြစ်သော်လည်း နောက်ထပ် Training ထပ်မံ သင်ကြားလိုပါက သတ်မှတ်ထားသော Training Charges အတိုင်းကောက်ခံသွားမည်ဖြစ်သည်။

    17. ရန်ကုန်မြို့နှင့်မန္ကလေး မြို့ပြင်ပမြို့များမှ ဝယ်ယူပါက Service Technician ၏ ခရီးစရိတ် ၊ နေစရိတ် ၊ သွားလာစရိတ်နှင့် စားစရိတ်တို့အပြင် တစ်နေ့တာ Service Charges ကိုပါ ပေးဆောင်ရမည်ဖြစ်သည်။

    18. Voucher Template အတွက် GlobalGold မှသတ်မှတ်ထားသော Template Design များပေါ် မူတည်ပြီး Free Training အတွင်းသာ ပြင်ဆင်ပေးသွားမည်ဖြစ်ပြီး ထပ်မံပြင်ဆင်လိုသော Template Design အတွက် Service Charges ပေးဆောင်ရမည်ဖြစ်သည်။ ထို့အတွက် မိမိတို့ ထုတ်ယူလိုသည့် Template Design ကို Free Training ကာလအတွင်း ပြင်ဆင်ပေးထားရမည်ဖြစ်သည်။

    19. GlobalGold မှသတ်မှတ်ထားသော Template Design မဟုတ်ဘဲ တခြား ပုံစံ (ဥပမာ – Printed Book) များနှင့် အသုံးပြုလိုပါက သတ်မှတ်ထားသော Customized Template Charges မှစတင်ပြီး ပေးဆောင်ရမည်ဖြစ်သည်။

    20. စနေ ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် Service ၊ Training ပြုလုပ်လိုလျှင် Globalwave Technology မှသတ်မှတ်ထားသော Charges အလိုက်ပေးဆောင်ရမည်ဖြစ်သည်။

    21. Global Gold Software အသုံးပြုခြင်းဖြင့် လိုအပ်သော stock များ software အတွင်းထည့်သွင်းခြင်းကို Global Wav Technologyမှပြုလုပ်ပေးမည်မဟုတ်ပဲCustomerဘက်မှမိမိ ဘာသာပြုလုပ်ရမည်ဖြစ်သည်။

    22. Global Gold Software ကို installation စတင်ပြု လုပ်သော နေ့ တွင် လူကြီးမင်းတို့ ဝယ်ယူထားသော Package အလိုက် Payment ကို အကြေပေးချေရမည် ဖြစ်ပါသည် ။ပေးချေပြီးသော ပြီးသော Payment များကို မည့် သည့် အကြောင်းအရာနှင့် မျှ ပြန်အမ်းပေးမည် မဟုတ် ပါ ။

    23. Service ကာလကျော်လွန်သွားပါက Software ကြောင့်ဖြစ်သော issues များမှအပ အခြားသော Users Error များအတွက် Charges များကောက်ခံမည်ဖြစ်ပါသည်။

    24. Service ကာလအတွင်း Customer များမှ မိမိတိုလုပ်ငန်းတွင်အသုံးပြုမည့် ဘောင်ချာ Design များ ၊ Barcode Setting များကို GlobalPOS / GlobalGold သိုပေးပိုပြီး GlobalPOS / GlobalGold မှအပြီးသတ်ပြုလုပ်ပေးမည်ဖြစ်သည်။

    25. Service ကာလကျော်လွန်ပြီး အောက်ပါအချက်များပြုလုပ်ပါက Service Charges ကျသင့်မည်ဖြစ်ပါသည်။(Software Issues နှင့်မသက်ဆိုင်သော Software ပြန်လည်ထည့်သွင်းပေးရခြင်း ၊ Database ပြန်လည်ထည့်သွင်းပေးရခြင်း ၊ Voucher Design ပြင်ဆင်ခြင်း ၊Database Repair ပြုလုပ်ပေးရခြင်း ၊ Database ချိတ်မရခြင်း ၊ ပြုလုပ်ပေးထားသည့် Software Setting ၊ Barcode Setting များလွဲချော်ခြင်း ၊ Print မထွက်ခြင်း ၊ Printer Driver များပြန်သွင်းပေးရခြင်း ၊Customer Data မှားယွင်းထည့်သွင်းမှုကြောင့်လွဲချော်မှုများအား ပြင်ဆင်စစ်ဆေးပေးရခြင်း ၊ Software Version မြှင့်ပေးရခြင်း နှင့်တခြားအချက်များ )

    26. Anydesk နှင့်ပြုလုပ်ပေးရပါက Service Charges သာကျသင့်မည်ဖြစ်ပြီး Service Technician မှ Customer Site သိုလာရောက်ပြုလုပ်ပေးရပါက Service Charges + TA Charges ကိုပါကျသင့်မည်ဖြစ်သည်။

Changes to This Terms and Conditions

We may update our Terms and Conditions from time to time. Thus, you are advised to review this page periodically for any changes. We will notify you of any changes by posting the new Terms and Conditions on this page.

Contact Us

If you have any questions or suggestions about our Terms and Conditions, do not hesitate to contact us at pos.marketing@globalwave.com.mm.